# | mlg | mya |
---|
1 | Raha Handalo Aty Madagasikara Ianao | မဒဂါစကားမှာ လည်ချင်တာလား |
2 | Hoan'ireo sambany vao tonga, mety ho olana hatrehina ny fitateram-bahoaka eto Madagasikara. Maro ny antony mahatonga izany. | မဒဂါစကားသို့ ယခုမှ အလည်အပတ်ရောက်ရှိသူများအတွက် အများပြည်သူသုံးယာဉ်များနှင့် သွားလာလည်ပတ်ရန်မှာ အခက်အခဲတစ်ခုဖြစ်နိုင်သည်။ |
3 | Manana velaran-tany 590 000 km2, efa antitra sy tsy misy fivoarana intsony ny foto-drafitrafisan'ny lalana ato amin'ny firenena. | စတုရန်းကီလိုမီတာ ငါးသိန်းကိုးသောင်းရှိသော နိုင်ငံ၏ လမ်းပန်းဆက်သွယ်ရေးအနေအထားမှာလည်း အိုမင်းဟောင်းနွမ်းနေပြီး ဖွံ့ဖြိုးမှု နိမ့်နေသည်။ |
4 | Mivelatra ny lalamby saingy mbola tsy misy izany amin'ny ankamaroan'ny tanàndehibe. | ရထားလမ်းကို တိုးချဲ့ဖောက်ထွင်နေသော်လည်း မြို့အများစုသို့ လမ်းမပေါက်သေးပေ။ |
5 | Ao afovoan-tanàndehibe, voafetra amin'ireo fiara salantsalany mpitatitra olona feno hika ny fiara fitateram-bahoaka ary mijanona ho tetikasa hoan'ny renivohitra, Antananarivo, fotsiny ihany ny lalamby an-tanandehibe. Anisan'ny olana fantatra tsara ao andrenivohitra ny fitateram-bahoaka. | မြို့လယ်ခေါင်နေရာများတွင်မူ အများပြည်သူသုံးယာဉ်များဟူ၍ အလွန်အမင်းပြည့်ကျပ်နေသော ဘတ်(စ်)ကားများနှင့် ဗဲန်ကားအသေးစားများသာရှိပြီး မြို့တွင်းရထားလမ်းမှာ မြို့တော်ဖြစ်သော အန်တာနာနာရီဗိုတွင်သာ ဆက်ဖောက်နေသည်။ |
6 | Renivohitra ahitana mponina roa tapitrisa sy fiara tombanana eo amin'ny 110 000 eo ny isany. | အများပြည်သူသုံးယာဉ်များနှင့် ပတ်သက်သည့်ပြဿနာမှာ မြို့တော်တွင် လူသိပြီးသား ပြဿနာတစ်ခုဖြစ်သည်။ |
7 | Matetika ahitana fitohanan'ny fiara ireo lalàna eto an-drenivohitra araka ny hita amin'ity sary eto ambany ity: | ထိုမြို့တော်တွင် လူနှစ်သန်းခန့် နေထိုင်ပြီး မှန်းခြေအရ ကားအစီးရေစုစုပေါင်း ၁၁၀၀၀၀ ရှိသည်။ |
8 | Fitohanan'ny fiara ao andrenivohitra Antananarivo, sary tao amin'ny Madagascar-aventures. CC-NC-2. | မြို့တွင်းလမ်းများမှာ များသောအားဖြင့် အောက်ပါပုံတွင် မြင်ရသကဲ့သို့ပင် ပိတ်ကျပ်နေလေ့ရှိသည်။ |
9 | 0 Hita amin'ity sary manaraka avy amin'ny viva Madagasikara ity ny fiantraikan'ny fitohanan'ny fiara eto an-drenivohitra | အန်တာနာနာရီဗိုရှိ မြို့တွင်း ယာဉ်ကြော (Madagascar-aventuresမှ တစ်ဆင့်) CC-NC-2. 0 Vive Madagascarရိုက်ကူးထားသော ဗီဒီယိုတစ်ခုတွင်လည်း မြို့တွင်းခရီးသွားလာမှုအခြေအနေအား မှတ်တမ်းတင်ထားသည်။ |
10 | Anisan'ny tsy zakan'ireo mponina ity karazana fitohanan'ny fiara ity ka mandinika ny tokony hametrahana lalana fitatera-mihantona eo amin'ireo tampon'ny vohitra be olona indrindra ao an-tanàndehibe ny fitantanana an'Antananarivo: | ဤကဲ့သို့သော ယာဉ်ကြောပိတ်မှုမှာ မြို့ပြလူထုအတွက် အလွန်ဆိုးဝါး၍အန်တာနာနာရီဗို အစိုးရက မြို့တော်၏လူနေအထူထပ်ဆုံး တောင်နှစ်လုံးအကြားတွင် ကောင်းကင်ကားစနစ်[fr] ထည့်သွင်းတပ်ဆင်ရန် ကြီးကြပ်ကြည့်ရှုနေသည်။ |
11 | Ity zotra ity dia hampitohy ny Tanàna Ambony amin'i Mahamasina. | ဒီစနစ်က မြို့အပေါ်ခြမ်းနဲ့ မဟာမစိနမြို့နယ်နှစ်ခုကို ဆက်သွယ်ပေးသွားမှာပါ။ |
12 | Na dia izany aza, mbola tsy nanome ny antsipirahany mikasika ny fanombohan'ny asa na ny tetibolan'ny tetikasa ny Filohan'ny Delegasiona Manokana. | ဒါပေမဲ့ မြို့တော်ဝန်က ဘယ်တော့စလုပ်မယ်ဆိုတာနဲ့ ဘဏ္ဍာရေး ကုန်ကျစရိတ်အသေးစိတ်ကို မပေးသေးပါဘူး။ |
13 | Mikasika ny fampiasana izany fitatera-mihantona andrenivohitra izany kosa, hampihatra ity rafitra fitaterana iombonana ity aorian'i La Paz ny renivohitra. | မြို့ပြကကောင်းကင်ကားစနစ်ကို ရွေးတာနဲ့ ပတ်သက်ပြီးကတော့ လပက်(ဇ်)မှာ အဆင်ပြေတိုးတက်နေတဲ့ စနစ်ကိုကြည့်ပြီး ဒီမြို့တော်မှာလည်း လုပ်ရင်ကောင်းမယ်လို့ တွေးမိသွားတာပါ။ |
14 | Manoloana ny vola ilaina amin'ity tetikasa ity (tombanana ho € 166 tapitrisa na 230 tapitrisa dolara tamin'ny fananganana tao La Paz) sy ny fahantrana lalina ao andrenivohitra, maro ireo manontany raha ilaina marina ny tetikasa tahaka izany. | ဖြစ်နိုင်သည့် ကုန်ကျစရိတ်နှင့် (ခန့်မှန်း လပက်(ဇ်)တွင် ယူရိုငွေ ၁၆၆သန်း (သို့) အမေရိကန်ဒေါ်လာ သန်း ၂၃၀ကုန်ကျ) ထူပြောသော ဆင်းရဲမှုကြောင့် လူအများစုက ထိုကဲ့သို့သော စီမံကိန်းမျိုး ဆောင်ရွက်ရန်မှာ သင့်လျော်၏လောဟု တွေးတောနေကြသည်။ |
15 | Marc Harmelle nanoratra hoe [fr]: | မာ့(ခ်) ဟာမဲ(လ်)က ရေးခဲ့သည်မှာ[fr]၊ |
16 | | ကျွန်တော်တို့အနေနဲ့ ကောင်းကင်ကားတွေဆောက်ဖို့ထက် ဆင်ခြေဖုံးဆင်းရဲသားရပ်ကွက်တွေကို ဘယ်လိုသန့်ရှင်းရမလဲ၊ |
17 | Raha mihevitra hanamboatra fitatera-mihantona, tsy aleo ve manomboka amin'ny fikakasana ny tanànam-barìka, mamindra toerana ireo olona any amin'ny toerana mendrika ny maha-olona, manome fitsaboana sy mampianatra ireo ankizy? | လူသားသိက္ခာနဲ့ ပိုကိုက်မယ့် နေရာတွေကို ဘယ်လိုရွှေ့ပြောင်းပေးရမလဲ၊ ကျန်းမာရေးစောင့်ရှောက်မှု ဘယ်လိုပေးရမလဲနဲ့ သူတို့ကလေးတွေကို ဘယ်လိုပညာသင်ပေးရမလဲဆိုတာတွေ စလုပ်သင့်တာမဟုတ်ဘူးလား။ |
18 | Fitateram-bahoaka eto Madagasikara | မဒဂါစကားရှိ အများပြည်သူသုံးယာဉ်စနစ် |
19 | Raha anisan'ny olana goavana ao an-tanàndehibe ny fitohanan'ny fiara, mila asa fanamboarana goavana ihany koa ireo lalana rezionaly. | အကယ်၍ ယာဉ်ကြောပိတ်ဆို့မှုသည် မြို့တော်များရှိ အဓိက ပြဿနာဖြစ်နေလျှင် ပြည်နယ်ဆက်သွယ်လမ်းများကိုလည်း အကြီးစားပြင်ဆင်မှုများ လုပ်ရန် လိုအပ်နေပေသည်။ |
20 | Nanamarika ny lohatteny lehibe tao amin'ny gazety Tribune fa mbola maro ny zavatra tokony atao [fr]: | Madagascar Tribuneမှာ ဘစ်(လ်)က လုပ်ဆောင်စရာ အများအပြားရှိနေကြောင်း[fr]ကို ရေးသားခဲ့သည်။ |
21 | Lalana 11 700 km no mila amboarina manerana an'i Madagasikara ao anatin'ny 6 volana […] Hisahana ireo lalana mila fanamboarana maika sy izay tokony hamboarina vonjimaika simban'ny loza voajanahary ny OTU (Biraon'ny Asa Vonjimaika) | နောက်ခြောက်လအတွင်းမှာ မဒဂါစကားတစ်လျှောက် ၁၁၇၀၀ ကီလိုမီတာရှည်တဲ့လမ်းတွေကို ပြင်ဖို့လိုပါတယ် […] ယူတီအို [အရေးပေါ်လုပ်ငန်းရုံး]က အမြန်ဆုံးပြင်ဖို့ လိုနေတဲ့ လမ်းတွေနဲ့ သဘာဝဘေးကြောင့်ပျက်စီးသွားတဲ့ လမ်းတွေကို ယာယီပြင်ဖို့ကို ဦးစီးဆောင်ရွက်သင့်တယ်။ |
22 | Nampitandrina ireo mpamaky mikasika ny toetry ny lalana ao amin'ny Lalam-pirenena faha-2 mampitohy ny renivohitra sy ny seranan-tsambon'i Madagasikara ao Toamasina ny fikambanana tsy miankina antsoina hoe Lalana: | လာလာန(မာလဂါစီစကားတွင် လမ်းဟု အဓိပ္ပာယ်ရသည်)ဟူသည့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းက မဒဂါစကား တိုအာမာစီနာ၏ အဓိကဆိပ်ကမ်းနှင့် မြို့တော်တို့အား[fr] ဆက်သွယ်ထားပေးသည့် RN2 အဝေးပြေးလမ်းမ၏ အခြေအနေကို သတိပေးပြောကြားခဲ့သည်။ |
23 | Miha-simba ny foto-drafitrasan'ny lalana manerana firenena. | နိုင်ငံတစ်ဝန်းမှာရှိတဲ့ လမ်းတွကေ ပျက်စီးယိုယွင်းနေပါပြီ။ |
24 | Nokorontanin'ny krizy politika ny fandehan'ny famatsiam-bola amin'ny fandaharan'asa fikojakojana sy ny asa vonjimaika. | နိုင်ငံရေးကပ်ဆိုက်တာက လမ်းတွေကို ထိန်းသိမ်းဖို့နဲ့ အရေးပေါ်ပြင်ဖို့ လိုတဲ့ အစီအစဉ်တွေအတွက် ဘဏ္ဍာရေးစီးဆင်းမှုကို လုံးလုံးစုတ်ပြတ်သွားစေခဲ့တာလေ။ |
25 | Tsy mbola nisy fanamboarana akory ankehitriny ireo fahasimbana navelan'ireo rivo-doza izay namely ny firenena tamin'ny taon-dasa. | မနှစ်တုန်းက ဒီနိုင်ငံကို ဝင်ခဲ့တဲ့ ဟာရီကိန်းကြောင့် ပျက်စီးသွားတဲ့ အပျက်အစီးတွေကိုလည်း မပြင်ရသေးဘူး။ |
26 | Tahaka izany ohatra ny lalam-pirenena faha-2 mampitohy an'Antananarivo amin'i Toamasina. | အထူးသဖြင့် ကျောက်တွေပြိုကျတာမြင်နေရတဲ့ အန်တာနာနာရီဗိုကနေ တိုအာမာစီနာကို ဆက်ပေးထားတဲ့ အမျိုးသားအဝေးပြေးလမ်းမ (၂)က အဆိုးဆုံးပဲ။ |
27 | Marobe ny tany mihotsaka sy ny arabe nofaohin'ny riaka. | အဲဒီလမ်းရဲ့ တချို့အပိုင်းတွေက ရေကြီးတုန်းက ပါသွားခဲ့သေးတယ်။ |
28 | “Fiara fitaterana eny ambanivohitra” mandalo lalampirenena eto Madagasikara. | မဒဂါစကားရှိ အမျိုးသားလမ်းမပေါ်မှ “ကျေးလက်သုံး အငှားယာဉ်”။ |
29 | Tao amin'ny Tana News. | တီနာ သတင်းမှတစ်ဆင့်၊ Public domain |
30 | Sary azon'ny rehetra ampiasaina Mbola hafa ihany ny fandehanana mitsidika an'i Madagasikara. | မာဒဂါစကားတစ်ခွင် အများပြည်သူသုံးယာဉ်များကို သုံး၍ ခရီးသွားရခြင်းမှာ ထူးခြားသည့် အတွေ့အကြုံတစ်ခုဖြစ်နေပါသေးသည်။ |
31 | Amin'ny alalan'ny fiaram-pitaterana “taxi-brousse” eny ambanivohitra no fomba tsotra hivezivezena. | ငွေကြေးကုန်ကျအသက်သာဆုံးနည်းလမ်းမှာ ဘရောက်စဲတက္ကစီဟုခေါ်သော ကျေးလက်အငှားယာဉ်များအား အသုံးပြု၍ လည်ပတ်ခြင်းဖြစ်သည်။ |
32 | Maro ireo karazana fiara manao “taxi-Brousse”, saingy ny “fiara-salantsalany” no tena maro, araka ny hita tamin'ity sary farany eto ambony ity. | ဘရောက်စဲတက္ကစီများတွင် ကားအမျိုးအစား အစုံအလင်ရှိပြီး အများစုမှာ အပေါ်ပုံတွင် တွေ့ရသည့်အတိုင်း ဗဲန်ကားအသေးစားများဖြစ်သည်။ |
33 | Rehefa tonga amina tanàna ivelan'ny renivohitra kosa dia afaka mandeha “posiposy”, araka ny hita amin'ity lahatsary manaraka ity: | မြို့တော်ကထွက်သည်နှင့် “ပေါက်စဲပေါက်စဲ”ဟုခေါ်သော အောက်ပါဗီဒီယိုတွင် တွေ့နိုင်သည့် လန်ချားများနှင့် ဆက်လက်လည်ပတ်နိုင်သည်။ |
34 | Nanipika i Ariniaina, mpanoratra ato amin'ny Global Voices monina eto Madagasikara fa niova ny lalàna mikasika ny posiposy eto Madagasikara, saingy mbola fitaovam-pitaterana be mpampiasa hoan'ireo mponina marobe ao amin'ny faritra (Antsirabe) izany: | မဒဂါစကားတွင်နေထိုင်သူ ကမ္ဘာ့အသံစာရေးသူတစ်ဦးဖြစ်သည့် အာရီနီအိုက်နာက မဒဂါစကားတွင် လန်ချားများနှင့် ပတ်သက်သည့် ဥပဒေဆိုင်ရာ အပြောင်းအလဲရှိခဲ့သော်လည်း ဒေသခံအများစုအတွက်မူ လန်ချားသည် အရေးပါသော သွားလာရေးနည်းလမ်းတစ်ခုဖြစ်နေသေးကြောင်း ထောက်ပြခဲ့သည်။ |
35 | Nosokajiana ho fanitsakitsahana ny zon'Olombelona ny posiposy izay fitaovam-pitaterana tarihin'olombelona. | လူကဆွဲပြီးသွားရတဲ့ ဒီလန်ချားကို ခရီးသွားလာဖို့အတွက်သုံးတာကို လူ့အခွင့်အရေးချိုးဖောက်တာဆိုပြီး ယူဆခဲ့ကြပါတယ်။ |
36 | Ka nanao ny “cyclopousse”-posiposy tarihim-bisikileta ny fiadidian'ny tanàna [lapan'ny tanàna] ao Antsirabe [tanàn-dehibe faharoa eto Madagasikara]. | ဒီတော့ အန်ဆီရာဘဲ [မဒဂါစကားရှိ ဒုတိယအကြီးဆုံးမြို့တော်]က မြို့တော်ခန်းမမှာ “ဆိုက်ကလိုပေါက်စဲ”လို့ခေါ်တဲ့ စက်ဘီးနဲ့ဆွဲတဲ့လန်ချားကို စသုံးခဲ့ကြပါသေးတယ်။ |
37 | Na dia izany aza, mbola fitaovam-pitaterana fampiasan'ireo mponina marobe ao Antsirabe foana ny posiposy “nentim-paharazana”. | ဒါပေမဲ့လည်း “ရိုးရာ” လန်ချားတွေက အန်ဆီရာဘဲ ဒေသခံတော်တော်များများအတွက် အဓိကသွားလာရေးနည်းအနေနဲ့ ဆက်ရှိနေသေးတာပါပဲ။ |
38 | Ariniana maka sary miaraka amin'ny posiposy sy ny tompony tao Antsirabe, Madagasikara. | မဒဂါစကားရှိ အန်ဆီရာဘဲတွင် လန်ချားပိုင်ရှင်နှင့် လန်ချားနှင့်အတူ လန်ချားဆွဲဟန်လုပ်နေသော အာရီနီအိုက်နာ။ |
39 | Nahazoan-dalana. | ခွင့်ပြုချက်ဖြင့် သုံးထားသည်။ |
40 | | အများပြည်သူသုံးယာဉ်စနစ်သည် အတိုးတက်မြန်လွန်းသော မာလဂါစီ လူဦးရအေား အမီလိုက်နိုင်ရန် ကြိုးပမ်းနေသည်။ |
41 | Miezaka manatratra ny fitombon'ny mponina ny fitaterana iraisam-bahoaka, fa noho ny fisian'ny fetra ara-toekarena, dia antenaina haharaka izany - na dia ao anatin'ny fotoana fohy aza aloha. | သို့သော် အရေးပါသည့် စီးပွားရေးဆိုင်ရာ ကန့်သတ်ချက်များအား ထည့်သွင်းစဉ်းစားလျှင် ထိုသို့ အမီလိုက်နိုင်ရန်မှာ မျှော်လင့်နေရုံသာ ရှိသည်၊ အယုတ်စွဆုံး အချိန်အနည်းငယ်ပေး၍တော့ စောင့်ရပေဦးမည်။ |